နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်းနှစ် နိုင်ငံအကြား ကွမ်းလုံတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာလီကီကျန်းတို့ ဦးဆောင်သည့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းက ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

 ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအ ကြား ဆောင်ရွက်ဆဲစီမံကိန်းများ၊ နှစ်နိုင်ငံကြားတပ်မတော်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစသည့်ကိစ္စရပ်များပူး ပေါင်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး တိုးမြှင့်သွားရန်၊ လမ်းပန်းဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်၊တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အလားတူဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီသွားရန်ရှိကြောင်း၊မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစရှိသောကဏ္ဍများဆောင်ရွက်ရန်အကူအညီအဖြစ်တရုတ်ယွမ်သန်းတစ်ထောင် အကူအညီပေးလိုကြောင်း၊ သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီး၊ ရေလျှံမှုများကာကွယ်ရန် နည်းပညာအ ကူအညီပေးလိုကြောင်း၊ နှစ်နိုင်ငံ ကြား ယဉ်ကျေးမှုပူးပေါင်းဆောင် ရွက်ရေးအထူးမြှင့်တင်သွားလို ကြောင်း တရုတ်ဝန်ကြီးချုပ်လီကီ ကျန်းကပြောသည်။

နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်တည်ငြိမ်အေးချမ်းရေးအတွက် ပုံမှန်ဆွေးနွေးပွဲများပြုလုပ်ကာ အစိုးရများကြား ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံက အကူအညီပေးရန်၊ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍  လေ့လာစိစစ်သုံးသပ်ရေးကော်မ ရှင်ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ မြန်မာ-တရုတ်နယ်နိမိတ်ကွင်း ဆင်းစစ်ဆေးရေး ကိစ္စများပူး ပေါင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နိုင်ငံရေးပါတီများကြားနှင့် ပြည် သူများကြားအပြန်အလှန်ဖလှယ် မှုတိုးမြှင့်သွားရန်တို့ကို ဆွေးနွေး ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

နှစ်နိုင်ငံသဘောတူစာချုပ် နှင့် လွှာများလက်မှတ်ရေးထိုးပွဲတွင် နှစ်နိုင်ငံအစိုးရအကြား ချုပ်ဆိုသော စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် တရုတ်နိုင်ငံစီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီး Mr. Gao Hucheng၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအကူအညီဖြင့် တည်ဆောက်မည့်ကွမ်းလုံတံတားသစ်စီမံကိန်းအတွက် ဖြစ်နိုင်စွမ်းလေ့လာမှုဆိုင်ရာစာချွန်လွှာကို ဆောက်လုပ်ရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်ဦးကျော်လင်းနှင့် Mr. Gao Huc-heng တို့ လက်မှတ်ရေးထိုးကြသည်။

တရုတ်ဝန်ကြီးချုပ်က နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်နှင့်အဖွဲ့အားဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံက ရန်ကုန်နှင့် မန္တလေးမြို့များ၌ဆေး ရုံနှစ်ရုံတည်ဆောက်သွားရန်သ ဘောတူ လက်မှတ်ရေးထိုးခဲ့ ကြောင်း ရိုက်တာသတင်းဌာန တွင် ဖော်ပြထားသည်။

 ဒေသစံတော်ချိန် နံနက် ၈ နာရီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီက ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ အလုပ်သဘောနံနက်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် နံနက် ၁၁ နာရီခွဲတွင် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုများအား တွေ့ဆုံပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လွင်အုန်းကတည်ခင်းဧည့်ခံသည့် နေ့လယ် စာစားပွဲသို့ တက်ရောက်ခဲ့သည်။

ညနေ ၄ နာရီခွဲတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တရုတ်ဝန်ကြီးချုပ်က ဘေဂျင်း မြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ် နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။

ရည်ညွှန်း – 7daydaily